သိ၊ ကြား၊ မြင် စ အိုသစ်ပင်
ဧရာနဒီ မြစ်ရေသည်ကား
သွင်သွင်စီးသည် မြောက်မှတောင်သို့.......။
ထိုမြစ်ဧရာ ပါတ်ခွေကာတည်
အုတ်ကျစ်ကျော်အေး မန္တလေး ဟု
သညာပေါ်လွင် ကမ္ပည်းတင်သည်
နေမိခဲ့တာ မန္တလာ.....။
ငယ်စဉ်ခါမှာ မြင်ကာသာခဲ့
ကြင်နာကျွမ်းလှ သူ့မျက်နှာကို
ရင်မှာတသ ငေးခဲ့ရသည်
ဧရာနဒီ သက်သေတည်လှည့်.......
သူနဲ့ဆုံခဲ့ ထိုသစ်ရိပ်အို
......................................................
ဆည်းဆာတိမ်တောက် ထိုချိန်ရောက်လျှင်
တောက်ပမျက်ဝန်း စိုစိုရွှန်းတည့်
မော့ကြည့်လျက်သာ ငေးမိသည်မှာ
ရင်မှာတမ်းတ ချစ်သက်လျာ
ထိုသို့ဆုံလာ ချိန်ကာလညောင်း
ရာသီပြောင်းရွေ့ ဆောင်းငါးကြာချီ
မိုးငါးလီနှင့် ပဉ္စမြောက်နွေ
ရောက်ခဲ့လေသော်........
တစ်ခါတစ်ခေါက် အလယ်ရောက်ခဲ့
ဧရာကမ်းက ပင်အိုရိပ်ဆီ
အေးမြစေသည် ခိုမိသည်းအူ
ငြိမ်းရိပ်လှူလျက် .......................
ထိုစဉ်ခဏ တမ်းတသည်မှာ
ပင်အိုရိပ်နား ခိုကာသွားသည့်
နှလုံးကျွမ်းမျှ ချစ်ဦးသူ
.....
ထိုသစ်ရိပ်အို သက်သေဆိုလျက်
နောင်ဘ၀များ ရှောင်မသွားဘဲ
ဆုံစည်းစေတည့် ချစ်သူမှာ...
အကျွန့်ကိုထား တိုင်းတစ်ပါးသို့
စွန့်ပြေးဖယ်ကာ သွားလှည့်ပါပြီ
အိုရိပ်သစ်ပင် မြင်စေချင်လှ
ကျွန့်ဘ၀ကို .................
သို့ပင်သော်ငြား စကားသက်သေ
ထားခဲ့ပေလျက် သစ်ရိပ်ပင်အို
သိပါစ.....
နွမ်းလျပူဆဲ ဆယ်နွေကဲသည်
နှလုံးသည်းဒဏ် ကွယ်ဖုန်းရန်တွက်
ကျွန်ချဉ်းလာသံ ကြားပါးစ
ဧရာနှင့်ဆိုင် သွင်သွင်ပြိုင်လျက်
စီးဆင်းကျသည့် ရင်ဖြစ်မျက်ရည်
အိုသစ်ရိပ်ပင် မြင်ပါစ..........
တစ်ပြည်ရွာသို့ စွန့်ခွာသွားသည့် ချစ်ဦးသူသို့ တမ်းတခြင်း စာမျက်နှာများအား အလွတ် စိတ်ကူးဖြင့် ပုံဖော်ပါသည်