အဖွင့်စာမျက်နှာ
     ဆက်သွယ်ပါ
     ဧည့်မှတ်တမ်း
     ကဗျာ
     ရည်းစားစာ
     ဗိုလ်ချုပ်
     တမ်းတခြင်း
     ရွှေယုန်နဲ့ရွှေကျား
     သင်ဘယ်လိုလူစားလဲ
     သုံးတက်သူ
     ‘တိမ်ဖုံးလို့ လမသာဘူးတဲ့လား”
     သူငယ်ချင်း
     ဟာသ
     Jokes – Marriage
     အကောင်းဆုံးလက်ဆောင်
     အရွယ်မတိုင်ခင်ဦးနှောက်ပျက်စီးခြင်း
     ချစ်သူ
     ချစ်ခြင်းမေတ္တာ




ရင်ထဲကချစ်သူ - ရွှေယုန်နဲ့ရွှေကျား


မိန်းမတစ်ယောက်ရဲ့ အလွမ်းဟာ
ပင်လယ်ဖြစ်တယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့ အလွမ်းဟာ
သဲကနွ့ာရ ဖြစ်တယ်…
ခြောက်သွေ့တယ်
အထီးကျန်ဆန်တယ်
နောက်ပြီး
မြေအောက်မှာပဲ ရေစီးတယ်…။

ဒီမယ် မမရဲ့
ကျွန်တော် ခင်ဗျားအတွက်
မငိုချင်ရုံ သက်သက်နဲ့တော့
မချစ်ဘူးလို့ မပြောပါနဲ့လား…
မမချိုးတဲ့ ဇာတ်အတိုင်း
ကခဲ့ပြီးပြီပဲ
ဘာကို မကျေမနပ်ဖြစ်နေတာလဲ
ဇာတ်သိမ်းခန်းမှာများ
မျက်ရည်လည်ရွှဲ မလွမ်းမိလို့လား
ပြောပြီးပြီပဲ
ကျွန်တော်က သဲကနွ့ာရပါ…။

မယုံတော့လည်း မတတ်နိုင်ဘူး
ကျွန်တော်က
ဘယ် မဟုတ်ရင် ညာ ဆိုတာလောက်ပဲ
ရှင်းပြတတ်တာ…
ဒီမယ် မမရဲ့
အဲဒီလို မဟုတ်က ဟုတ်က
အကြောင်းပြချက်တွေ
သိပ်မတောင်းပါနဲ့လား
ကျွန်တော် အယူခံမ၀င်တတ်ဘူး…။
အချစ်ဆိုတာ
အမြဲတမ်း
တစ်နဲ့တစ်ပေါင်း နှစ်ဖြစ်တာမှ မဟုတ်ဘဲ
တခါတခါ
တစ်ထဲက တစ်နှုတ်သလို
နှစ်ဖက်လုံး ဆုံးရှုံးသွားတတ်တယ်…
သနားမနေပါနဲ့တော့ မမရယ်
နွားကလေး မချမ်းသာရင်နေပါစေ
ကျားမလေး ဗိုက်ဝတယ်ဆို တော်ပါပြီ…။

ကိုယ်ထင်တော့လည်း
ရွှေနန်းပါပဲ
မမလည်း ကျွန်တော့်ကို အရမ်းချစ်ခဲ့တယ်…
ခက်တော့ခက်တယ် မမရယ်
မိုးကလည်း နေ့တိုင်းမရွာဘူး
မိုးရွာထဲမှာတော့လည်း
ကျွန်တော့်ပါးပေါ်မှာ ဘာတွေရှိသလဲ
ဘယ်သူမှ မသိကြဘူးပေါ့
ဇာတ်သိမ်းခန်းမှာ
မျက်ရည်လည်ရွှဲ မလွမ်းမိတာ ခွင့်လွှတ်ပါ…။

သူငယ်ချင်းတစ်ယောက်က ပြောတယ်
နှစ်ပြီးရင် သုံးလာသလို
ချစ်ပြီးရင် မုန်းသွားတတ်တယ်တဲ့
ဒီတော့လည်း
ခင်ဗျားကျွန်တော့်ကို ချစ်ခဲ့တယ်လို့
ယူဆယုံပေါ့ မမရယ်…
သူများတွေ လှောင်တဲ့အတိုင်းပဲ
နွားကြိုက်တော့လည်း
ရှမ်းကချောနေတာပဲ…။

ကဲပါ မမရယ်
ကျွန်တော် ခင်ဗျားအတွက် မငိုချင်သလို
ခင်ဗျားလည်း ကျွန်တော့်အတွက် ငိုချင်မှာ မဟုတ်ပါဘူး…
တစ်ခုပဲရှိတယ်…
ကျွန်တော်ဟာ မမအတွက်
သဲကနွ့ာရ ဖြစ်တယ်
နောက်ပြီး
မမဟာ ကျွန်တော့်အတွက်
အိုအေစစ်လေး ဖြစ်တယ်…။ ။
ရွှေယုန်

Today, there have been 2 visitors (5 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free