အဖွင့်စာမျက်နှာ
     ဆက်သွယ်ပါ
     ဧည့်မှတ်တမ်း
     ကဗျာ
     ရည်းစားစာ
     ဗိုလ်ချုပ်
     တမ်းတခြင်း
     ရွှေယုန်နဲ့ရွှေကျား
     သင်ဘယ်လိုလူစားလဲ
     သုံးတက်သူ
     ‘တိမ်ဖုံးလို့ လမသာဘူးတဲ့လား”
     သူငယ်ချင်း
     ဟာသ
     Jokes – Marriage
     အကောင်းဆုံးလက်ဆောင်
     အရွယ်မတိုင်ခင်ဦးနှောက်ပျက်စီးခြင်း
     ချစ်သူ
     ချစ်ခြင်းမေတ္တာ




ရင်ထဲကချစ်သူ - သင်ဘယ်လိုလူစားလဲ


သင်ဘယ်လိုလူစားလဲ…?

လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေသည်။
ထိုစိတ်အထွေထွေရှိသော လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် အကွဲကွဲ
အပြားပြားသော နည်းလမ်းများကိုလည်း အသုံးပြုကြ၏။ကွုတွင် အခြေခံကျသော
လူတို့၏ ပင်ကိုဗီဇစိတ်ကို ရှာဖွေဖော်ထုတ်နိုင်သည့် နည်းလမ်းများလည်း
ပေါ်ထွက်လာ တော့ သည်။ မျက်နှာအမူအရာ အချိုးအစားကိုကြည့်ရွ်ျ ဖော်ထုတ်သည့်
အင်္ဂ၀ိဇွ့ာအတတ်၊ လူတို့၏ လက်ဖ၀ါးပေါ်မှ အရေးအကြောင်းများကို
ဖတ်ရှုနိုင်သည့် လကွ့ဏာဗေဒ၊ ခြေဖ၀ါးကိုဖတ်သည့် ခြေခဏာဗေဒ၊ မှဲ့များ၏
တည်နေရာကိုလိုက်ရွ်ျ ခွဲဖြာသောအတတ် စသည်ဖြင့် အမျိုးအစားစုံလင်လှ၏၊
သို့သော် ကျွန်ုပ်ဖော်ပြမည့် အတတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်မျှ
ရှာဖွေတွေ့ရှိခြင်း မရှိသေးသော၊ လွန်စွာမှ အသုံးပြုရ လွယ်ကူသော
နည်းပင်ဖြစ်သည်။ အရိုး၏ စကားဖြင့်ဆိုရသော် ကလေးရော ခွေးရော လွယ်ကူစွာ
အသုံးပြုနိုင်၏။ မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိသေးဆိုရာတွင် ယနေ့ခေတ်
လူသားများကိုသာ ဆိုလိုခြင်းဖြစ်သည်။ တနည်းဆိုရသော် ကျွန်ုပ်တင်ပြလိုသော
ကျမ်းကြီးမှာ ရှေးဟောင်းအမွေအနှစ် ကျမ်းမြတ်ကြီးပင် ဖြစ်သည်။
ကျွုကျမ်းကြီး ကျွန်ုပ်လက်ဝယ်သို့ ရောက်ရှိလာပုံမှာလည်း လွန်စွာမှပင်
ထူးဆန်းလှ၏။ တိုက်ဆိုင်မှုကား မည်သို့မျှမဖြစ်နိုင်၊
ရှေးရေစက်ကြောင့်သာလျှင် ဖြစ်ပေမည်။ ထိုထိုသော ထူးဆန်းအံ့ဖွယ်ရာတို့ကို
ပြန်ပြောင်းပြောဆိုရလျှင်မူ…

တစ်နေ့သဍှ် (အဲ…မှားလို့ ) တစ်ညသဍှ်
ကျွန်ုပ်သည် ဖူးခက်ကမ်းခြေတွင် တရုတ်မင်းသမီး လွီယိဖိန်နှင့်
နှစ်ကိုယ်ယှဉ်တွဲ ပျော်မြူးနေစဉ် အိပ်မက်မှ လန့်ကာနိုးလာ၏။ ထို့နောက်
နားထဲတွင် အသံတစ်ခုကို ကြား ယောင်နေသလိုလို ရှိသည်တွင် ကျွန်ုပ်လည်း
အတွင်းအားကိုထုတ်ရွ်ျ နားစိုက်ထောင်လေသည်။ ထိုအခါတွင်မှ အသံ
ဘယ်ကလာမှန်းကို သိရှိရ၏။ အသံကား ကျွန်ုပ်၏ ၀မ်းဗိုက်မှလာခြင်းဖြစ်သည်။
မှန်ပေသည်၊ ကျွန်ုပ်ကား ဗိုက်ဆာနေပြီ ဖြစ်သည်။ ကွ်ျတွင်
မီးဖိုချောင်သို့သွားပြီး စားစရာတစ်ခုခုကို ရှာဖွေပါသော်လည်း
ကြောင်အိမ်ကား ဟောင်းလောင်းပွင့်လျှက်ရှိလေပြီ။ ကြွက်မသားတို့ကား
လက်ဦးမှုရသွားလေပြီ။ ဗိုက်ကမူ စိတ်တိုရွ်ျလောမသိ ပိုရွ်ျ ပိုရွ်ျ ပင်
ဆာလောင်လာလေသည်။ အိမ်ရှေ့ဗီဒိုကိုသွားကာရှာဖွေမှ ရှားရှားပါးပါး
ပေါင်မုန့်တစ်ချပ် နှင့် ကော်ဖီမစ်တစ်ထုတ်ကို ရ၏။ အားရ၀မ်းသာဖြစ်လျှက်
နောက်ဖေးမီးဖိုချောင်သို့ ပြေးရွ်ျ ကော်ဖီခွက်ကို ဆေးကြောသောအခါတွင်မှ
ခွေးမသားကြွက် (အဲ…)ကြွက်မသားတို့က ကျွန်ုပ်စားပွဲပေါ်တွင် တင်
ထားခဲ့သော ပေါင်မုန့်ကို ဆွဲပြေးလေသည်။ ကွ်ျတစ်ကြိမ်တွင်မူ
ကျွန်ုပ်၏ဒေါသကို မထိမ်းနိုင်တော့ပေ။ မီးဖိုချောင်
ထောင့်တွင်ထောင်ထားသည့် သံတူရွင်းကို ပြေးကာယူပြီး လောကတစ်ခွင်ရှိရှိသမျှ
ကြွက်တို့ကို သုတ်သင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုကြွက်ဝင်ပြေးသော
ကျင်းကို အားကြိုးမာန်တက် အသက်ပါထွက်လောက်အောင်တူး၏။ကွ်ျသို့ ကျွန်ုပ်၏
ဇွဲ လုံ့လကြောင့် မြေကျင်းကြီး တစ်တောင်ကျော်ကျော်မျှ ဖြစ်လတ်သော်
တစ်စုံတစ်ခုသောအရာကို ထိခတ်သဖြင့်ဖြစ်ပေါ်လာတတ်သော ချွင်ကနဲ မြည်သံကို
ကြားရသည်။ ကျွနုပ်လည်း ရွှေအိုးလား ငွေအိုးလားဟုထင်ပြီး
အားရ၀မ်းသာဆက်တူးလေသည်။ တစ်ထွာခန့််တူးမိကာမှ ရှစ်လက်မပတ်လည်ခန့်ရှိမည့်
မဲမဲဘူးကြီးတစ်ဘူးကို တွေ့ရလေ၏။ ရတနာတွေသာဖြစ်ရမည်ဟု မလျှော့သော
မျှော်လင့်ချက်ဖြင့် ဘူးကိုဖွင့်ကာမှ ဘာမှအဖိုးတန်မည်မထင်ရသော
ပေရွက်အစုတ်အဟောင်းများသာ တွေ့ရသည်။ ဗိုက်ကလည်းဆာ စိတ်ကလည်းပျက်နှင့်
ထိုပေရွက်များကို ထိုင်ကာဖတ်ရှုလေမှ မည်သို့မျှအဖိုးဖြတ်နိုင်မည်
မဟုတ်သော စိတ်တဗေဒကျမ်းကြီးဖြစ်ကြောင်း သိရလေသည်။ ကျွန်ုပ်လည်း
ထိုအချိန်မှစရွ်ျ လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင်သောသူတစ်ယောက်
ဖြစ်လာတော့သတည်း…။

ကျွန်ုပ်လက်ဝယ်သို့ ကျမ်းကြီးရောက်ရှိလာပုံကား
အထက်ပါအတိုင်းပင် ဖြစ်သည်။ ကျွန်ုပ်မှာလူသားတို့အပေါ် စေတနာထားသူတစ်ဦး
ဖြစ်သည့်အလျှောက် ကွ်ျကျမ်းကြီးကို မျှဝေရန် စိတ်အားသန်မိလေ၏။ သို့သော်
မူရင်းကျမ်းကြီးအတိုင်းမှာမူ ခေတ်နှင့်ဆီလျှော်ခြင်း မရှိသည့်အတွက်
ကျွန်ုပ်၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြင်ဆင်ပြီး တင်ပြလိုက်ရပါသည်။
ထို့ကြောင့် အမှားပါလျှင် ကျွန်ုပ်၏ အားနည်းချက်သာ ဖြစ်ပါကြောင်း
ကြိုတင်အသိပေးလိုက်ပါသည် ခင်ဗျား…။

ရှေးဟောင်းစိတ်တဗေဒ လူ့သဘာဝကျမ်းကြီး

ယဉ်ကျေးသူ = အီးမပေါက်ခင် ခွင့်ပြုပါဟုပြောပြီး၊
အီးပေါက်ပြီးသောအခါ ဆောရီးဟုပြောတတ်သူ။

မရိုးသားသူ = ကိုယ်ကအီးပေါက်သော်လည်း ၀န်မခံပဲ
ကျွန်တော့်ခွေးလက်ချက်ပေါ့ဟု လွှဲချတတ်သူ။

မိုက်မဲသူ = အီးပေါက်ချင်သော်လည်း မပေါက်ဘဲ အတင်းအောင့်ထားသူ။

ဗဟုသုတကြွယ်ဝသူ = ဘယ်အချိန် ဘယ်နေရာမှာ အီးပေါက်ရမလဲ သိသူ။

ဒုကွ့ရောက်နေသူ = အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန်
ဘယ်လိုမှကြိုးစားရွ်ျ မရသူ။

လျှို့ဝှက်တတ်သူ = လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း
ဘယ်သူမှမသိအောင် အီးပေါက်သူ။

ဝါကြွားသူ = အီးပေါက်နိုင်ခြင်းနှင့် ပတ်သတ်ရွ်ျ အလွန်ဂုဏ်ယူသူ။

နှိပ်စက်တတ်သူ = လူများသောနေရာတို့ကိုရွေးရျွင်္ အီးပေါက်သူ။

သိပွံပညာရှင် = အီးမှန်မှန်ပေါက်သော်လည်း
လေထုညစ်ညမ်းမည်ကို စိုးရိမ်သူ။

ရှက်တတ်သူ = အီးပေါက်ပြီးလျှင် မျက်နှာတစ်ခုလုံး နီရဲလာတတ်သူ။

အကြံပိုင်သူ = အီးပေါက်သော်လည်း သူ၏အီးပေါက်သံကို
သူများမကြားအောင် အသံကျယ်ကြီးနှင့်

ရယ်မောတတ်သူ။

အလွန်တုံးပြီး = အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲကလေတွေ
လျော့သွားပြီဟုထင်ပြီး Balance ဖြစ်

အသုံးမကျသူ အောင် အသက်ပြင်းပြင်းရှုသွင်းမှဟုဆိုကာ
လေကိုတ၀ကြီးရှူသူ။

ကပ်စေးနဲသူ = အီးကိုကုန်အောင်မပေါက်ပဲ စုထားသူ။

အတ်တကြီးသူ = ငါ့အီးတယ်မွှေးပါလားဟုယုံကြည်သူ။

အပေါင်းအဖော်မက်သူ = သူတစ်ပါးတို့အီးပေါက်သည်ကို နှစ်သက်သဘောကျသူ။

သီးသန့်ဆန်သူ = စိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်တတ်သူ။

ရေကိုချစ်သူ = ရေချိုးကြွေဇလုံထဲတွင် ရေချိုးရင်း အီးပေါက်ချင်သူ။

အားကစားသမား = ပင်ပင်ပန်းပန်း အင်အားမစိုက်ရပဲ အီးပေါက်နိုင်သူ။

ရိုးသားသူ = အီးပေါက်ကြောင်း ဘယ်သူမှမမေးဘဲ ၀န်ခံတတ်သူ။

စုံထောက်ဥာဏ်ရှိသူ = အသံကြားရရုံဖြင့် ဘယ်သူအီးပေါက်မှန်း
ဖော်ထုတ်နိုင်သူ။

ကံဆိုးသူ = အီးပေါက်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။

လူအပေါင်းတို့ သင့်တော်သလိုသာ သုံးကြပေတော့…..။

ပုံ/ ဂမ်ဘီရ ဘိုးဘိုးရွှေယုန်

Today, there have been 5 visitors (13 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free